ငပလီ ဩဂုတ် ၃၁
ငပလီမြို့(၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကုသနေသူများနှင့် ပြင်ပမှအောက်ဆီဂျင် လိုအပ်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) အချိန်က ငပလီမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ငပလီမြို့အတွက်လိုအပ်နေသည့် အောက်ဆီဂျင်အိုးများကို မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ရခိုင်ဇုံမှ အောက်ဆီဂျင် 15 Liter အိုးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ရာ ငပလီမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးစင်တာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်အိုးများကို ကိုဗစ်-၁၉ ရောဂါခံစားနေရာသူများနှင့် ပြင်ပမှနာတာရှည် ခံစားနေရာသူများအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပရဟိတ ကူညီဆောင်ရွက်ပေးသူ ကိုသက်လွင်ဖြိုးထံမှ သိရသည်။
ငပလီ ၊ ပြန်/ဆက်