ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်း ဆောင်ရွက်

 

ဒေးဒရဲ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစီစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးကို ယမန်နေ့က  သက္ကယ်ချောင် ကျေးရွာအုပ်စုတွင် သွားရောက် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုလဝကမှူး ဦစိုင်းအောင်အေးလှိုင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းနေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မိမိမွေးဖွားရာဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီးကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိဒေသတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်း နေသူများ အနေဖြင့်မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိ သူများကိုဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည့်အခြေအနေများကိုရှင်း လင်းပြောကြားခဲ့ပြီးနောက် သက္ကယ်ချောင် ကျေးရွာအုပ်စုအတွင်းနေထိုင်ကြသည့် နိုင်ငံသားစီ စစ်ရေးကတ်ပြားမရှိသူ အသက်(၁၀)နှစ်ပြည့် (၂၆)ဦး၊ အသက်(၁၈)နှစ်ပြည့်(၁၁)ဦး၊ မှတ်ပုံတင်လှဲ လှယ်သူ(၁၀)ဦး အိမ်ထောင်စုစာရင်းခွဲ(၁၅)စုနှင့် မွေးစာရင်းတိုး(၂၀)ဦး  တို့ကို ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

အေဇာလင်း