နယ်ရုံးများ၏သတင်းများ

Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လက်မှုအနုပညာသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့သည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာတွင် သာသနာထွန်းကားပြန့်ပွားရေးအတွက် (၅၆)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့် (၇) ရက်ဝိပဿနာ တရားစခန်းပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက မင်္ဂလာယဉ်ကျေးမှု စာမေးပွဲ ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။
Apr 20,2022
 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ရရှိစေရန်နှင့် ဆင်းရဲမှု လျှော့ချရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Apr 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော အသက်(၄၀)နှစ်အထက် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာအုပ်စုအတွင်း ယမန်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
Apr 20,2022
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့် လှစ်သော အခြေခံပန်းချီသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ အနီးတွင် ခိုင်ဇင်ယော်ထရေးဒင်းကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီရေငန်ပုစွန် မွေးမြူရေလုပ်ငန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲသို့ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရ သည်။