မြိတ် ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ အနီးတွင် ခိုင်ဇင်ယော်ထရေးဒင်းကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီရေငန်ပုစွန် မွေးမြူရေလုပ်ငန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲသို့ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရ သည်။
အဆိုပါ စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းစဉ်၏ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများကို အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထားရယူခြင်း ဆွေးနွေးပွဲကို ဧပြီလ(၂၉)ရက်တွင် မြိတ်မြို့ မြန်အောင်ရပ် သဲကွင်း (၁)လမ်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် နံနက်(၉)နာရီခွဲ မှ (၁၁)နာရီခွဲအထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့် စီမံကိန်းဆိုင်ရာအချက်အလက်များအား ပြည်သူလူထုအား ရှင်းလင်းတင်ပြပြီး အများပြည်သူ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ လူထု၏ သဘောထားများရယူ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်၍ အဆိုပါဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း ခိုင်ဇင်ယော်ထရေးဒင်း ကုမ္ပဏီလီမိတက်မှ သိရသည်။
ခိုင်ထူး(မြိတ်)