ပုသိမ်ကြီးမြို့နယ်တွင် လက်မှုအနုပညာသင်တန်း ဖွင့်လှစ်

ပုသိမ်ကြီး ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လက်မှုအနုပညာသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့သည်။

သင်တန်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်း အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြ ဆရာမ ဒေါ်သူဇာထွန်းက ဆံညှပ်ကလစ်အမျိုးမျိုး ပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းသင်ပြပေးခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြသည်။ ဆံညှပ်တစ်ခုပြုလုပ်ရာတွင်အဓိက လိုအပ်သည့်အပစ္စည်းများမှာ ကလစ်၊ ဖဲကြိုး၊ ပုလဲ လုံး၊ ငါးမျှားကြိုး၊ ကတ်ကြေး၊ ကော်ချောင်း၊ အပ်၊ အပ်ချည်၊ ကော်ပစ်ဂန်း၊ မီးခြစ်တို့ ပင်ဖြစ်ကာ လက်တွေ့ပြသ သင်ကြားပေးခဲ့သည်။

သင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်း၊ သင်တန်းနည်းပြဆရာမ ဒေါ်သူဇာထွန်းနှင့် သင်တန်းသူ (၁၀)ဦး တက်ရောက် သင်ကြားခဲ့ပြီး၊ သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)