နယ်ရုံးများ၏သတင်းများ

Apr 20,2022
ဆရာ ဒေါက်တာ ကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ် စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညပိုင်းက လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ခဲ့၍ သစ်ပင် တစ်ချို့ကားလမ်း ပေါ်သို့လဲကျခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT)  Online သင်တန်းကို ယနေ့နံနက်(၉)နာရီမှ စတင်၍  အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း စုပေါင်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 20,2022
ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 သင်ရိုးသစ်ဗဟိုနည်းပြ သင်တန်း Online Projecter ဖြင့်သင်ကြား ပို့ချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.ထ.က(၁) ပညာ့အားမာန်ခန်းမ၌ ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။
Apr 20,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Apr 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ်များအား အခြေခံရှေးဦးပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ကျေးရွာများအ‌ရောက် ဖွင့်လှစ်သင်ကြားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။