လှိုင်းဘွဲ ဧပြီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော အသက်(၄၀)နှစ်အထက် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူတို့က ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော အသက်(၄၀)အထက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)