ကော့ကရိတ် ဧပြီ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ရရှိစေရန်နှင့် ဆင်းရဲမှု လျှော့ချရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူး ကြီး ပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်၊ ဌာန၏ လုပ်ငန်းတာဝန်များ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဘက်စုံသုံး ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာနှင့် လက်သန့်ဆေး ရည်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသူ/သားများအနေဖြင့် သင်တန်းကို ပြီးဆုံးအောင် ကြိုးစားတက်ရောက်ပြီး သင်တန်းမှ သင်ကြားပေးသော ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းများကို မိမိတို့ ဒေသအသီးသီးတွင် ပိုမိုကျွမ်းကျင် တတ်မြောက် အောင် လေ့လာကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လျက် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြား သည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်မျိုးအမျိုးမျိုးပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများကို ပြသထားရာ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းများကို ပြန်လည်ရှင်းလင်းတင်ပြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ဧပြီ ၂၀ရက်နေ့မှ ၂၄ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ သင်တန်းသား/သူ (၂၀)ဦးတို့က တက် ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/ သူ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)