နယ်ရုံးများ၏သတင်းများ

Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community  Centre ခန်းမတွင် ယနေ့  မွန်းလွဲ ၂ နာရီ အချိန်တွင် စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
Apr 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးများ အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ငါ့ သရောက်မြို့ တိုက်နယ်ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Apr 19,2022
စာအုပ်စာပေဝါသနာပါသူ (Book Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ထူးချွန်ချင်တဲ့စိတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဧပြီလ (၁၉)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ည ၇နာရီအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
Apr 19,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၃၁၆ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
Apr 19,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲ့ခန့်က ဘားအံမြို့၊ မြို့ကျက်သရေဆောင်ကြာအင်းတောင်ခြေ၌ တည်ဆောက်လျက်ရှိသော သာသနာ့ ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးသို့ စာငှားစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။