နယ်ရုံးများ၏သတင်းများ

Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ့်ကူးမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိ​သည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ပုဂံမြို့ မုန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် ၁၀နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ရုတ်တရက်လေပြင်း တိုက်ခတ်မှု့ကြောင့် ဇီးကျွန်းကျေးရွာအုပ်စု၊ တည်ကုန်းကြီးကျေးရွာ အုပ်စု၊ ညောင်စာရေးကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၁၁)လုံး အမိုးလန် ပျက်စီး ခဲ့ပြီး ဇီးကျွန်းအုပ်စုတို့တွင် လူနေအိမ် ( ၃)လုံးပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး  ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Apr 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်​ပေးလျက်ရှိရာ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comnunity Centre ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ စကားပုံဆက်ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်လှစ်ခဲ့သည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့   ခရီးသွားဆင်ချစ်သူများဝင်ရောက်လည် ပတ်မှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံမှသိရသည်။