နယ်ရုံးများ၏သတင်းများ

Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
Apr 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုဆိုင်ရာ စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာ မူလတန်းဆင့် GRADE 5 သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးအထက၌ ကျင်းပပြု လုပ်ခဲ့သည်။
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။          
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီး ဌာန၊(ပုဂံဌာနခွဲ) လုံခြုံရေးဌာနစိတ်မှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ပုဂံမြို့ ဟောင်းသရပါတံခါးတောင်ဘက်ခြမ်းတွင် သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မင်းကွက် ၃ ရပ်ကွက် ဆေးထိုးစုရပ်တွင် အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ၁၉၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ  ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျခြင်း၊ ဓာတ်တိုင်များနှင့် သစ်ပင် များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်   ၅၀၈ မဟာမုနိဘုရားကြီးအနောက် ၄၅ တာ၀န်းအတွင်း Tourist Information Center အနီး မန်ကျည်းပင် မှာအမြစ်လန်၍ Tourist Information Center အဆောက်အဦ ပေါ်သို့လဲကျခဲ့ပြီး အဆောက်အဦ၏နေရာအချို့ပျက်စီးဆုံးရှုံးခဲ့ရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(BOOK CLUB)နှင့် စာပေစိတ်ဝင်စားသူလူငယ်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် “လူငယ်များ စာဖတ်ခြင်းနှင့် ဘဝတိုးတက်မြင့်မားရေး ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။