လှိုင်းဘွဲ ဧပြီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန် အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိအသုံးပြုသော လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်တိုင် မီးများနှင့် ခြင်ဆေးခွေ အသုံးပြုရာတွင် စနစ်တကျ မီးငြှိမ်းသတ်ပေးရန်၊ နေအိမ်များတွင် အမှိုက်သရိုက် များ စနစ်တကျ ရှင်းလင်းထားရန်၊ လောင်စာဆီများနှင့်စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မီးသတ်ဆေးဘူးများနှင့်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ မဖြစ်မနေ ထားရှိပေးရန်၊ မီးဘေးအန္တရာယ်ဖြစ် ပေါ်လာပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးရန်စသည့် မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
စောဒိ(ပြန်/ဆက်)