နယ်ရုံးများ၏သတင်းများ

Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ လျော့နည်းစေပြီး ရောဂါကွင်းဆက် ပြတ်တောက် သွားစေရေးအတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဖြူးမြို့နယ်အတွင်း (၉၀) ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးကို ယနေ့၊ နံနက် (၉) နာရီအချိန်က စတင်ကာ ဖြူး-အုတ်ဖြတ်-မုန်းလမ်းမဘေး မြို့အဝင်အထွက်နေရာတွင်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊‌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင်သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ် သင်ကြားပို့ချ​ပေးလျက် ရှိ​ကြောင်း သိရသည်။
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နေ့လယ်ပိုင်းက "နည်းစနစ်တကျလေ့လာမှ အောင်မြင်မှုကိုရရှိမယ်" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သရက်ချောင်းမြို့နယ်တွင် အ-ထ-က(သရက်ချောင်း)ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
Apr 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ၌ ပန်းချီရေးဆွဲနည်းအခြေခံ (အခြေခံ) သင်တန်းကို အခြေခံပညာဦးစီးနဌာနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ဖွင့်လှစ် ကျင်းပသည်။
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက်  ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade-5) ဗဟို အဆင့်နည်းပြ (TOT) online သင်တန်းကို မြိတ်မြို့နယ်ရှိ ဆရာ၊ ဆရာမများက အထက(၁) ပညာဗိမာန်ခန်းမတွင် ဧပြီလ(၂၀)ရက်တွင် စတင် တက်ရောက်လျက်ရှိကြသည်။