နယ်ရုံးများ၏သတင်းများ

Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းအား ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင် တည်ရှိကာ လယ်ယာ၊ကိုင်း၊ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသော ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများ စုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့်စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံကသိရသည်။
Apr 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့်    အသိပညာပေးအစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ဇာတ်ညွှန်းဒီဇင်ဘာမွန်း၏ ကလေးတို့အတွက်မြန်မာစကားပုံများ စာအုပ်ဖြင့်ရုပ်ပြပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
Apr 20,2022
မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု  အိုမတွေ့ကျေးရွာတွင်    မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်လုပ်ငန်းများအဖြစ် ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမတွင် ယနေ့နံနက် ၈ နာရီ အချိန်က အေရိုးဗစ်သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Apr 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍  ယနေ့နံနက် (၁၁) နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 20,2022
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ