Apr 20,2022
လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင် ရဲဝံ့စွာပြောဆိုနိုင်မှု စွမ်းရည်တိုးတက်စေရန်အတွက် ရည်ရွယ်ကာ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။