အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Aug 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီက အင်းစိန်မြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧဝရတ်ခန်းမတွင် ကျင်းပသည်။
Aug 20,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (တတိယ) ပတ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမားရေးဌာန၌ ပြုလုပ်သည်။
Aug 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား (၂)ယောက်တွဲနှင့် (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃နာရီက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက်(၁၀)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 20,2023
မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊  ကံမမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ဩဂုတ် ၁၈ ရက်နေ့ နံနက် (၁၁) နာရီက   လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  အခြေခံပညာဦးစီးဌာန၊   အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး စေရန်ရည်ရွယ်၍  ကျင်းပပြုလုပ်ရာ အထက်တန်းဆင့်   ကျောင်းသား ကျောင်းသူ(၄၁၂) ဦးတက်ရောက်ခဲ့ကြသည်။
Aug 20,2023
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၈ရက်နေ့ မွန်းလွဲ (၁)နာရီတွင် ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။