အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြှင့်တက်လာခြင်းကြောင့် မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အချို့အား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေးဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိ ပေးထားခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအား ယမန်နေ့ နေ့ခင်း ၂ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 19,2023
ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Aug 19,2023
စစ်တွေတက္ကသိုလ် ဥပဒေပညာဌာန၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေတက္ကသိုလ်တွင် ကျင်းပသည်။ ဦးစွာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာစန်းတို့က ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
Aug 19,2023
စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
Aug 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ကွန်ပေါင်းမြေဩဇာ အသုံးပြုမှုလျော့ချရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကို အန်တု၍ သီးနှံများအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ညောင်ကုန်းကျေးရွာနှင့် မအူကုန်း‌‌ကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေ းဦးစီးဌာနမှ ကောက်ယူထားရှိသော Biometric အချက်အလက်များအား စက်(၁) တစ်စုံဖြင့် Database အတွင်း မှတ်တမ်းထိန်းသိမ်းစာရင်းသွင်း ဆောင်ရွက် ခြင်းကို သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 19,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။
Aug 19,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကောင်းမှုတုံရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးဌာန ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်း (၂၅၀၁) သိန်းဖြင့် ဆောင်ရွက်ခဲ့သော မောက်ကောန် (မြေနီကုန်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။