မိုးကောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

မိုးကောင်း      ဖေဖော်ဝါရီ     ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြည်သူ့ဆစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့စုရပ်၌ ကျင်းပသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲတွင် နတ်ကြီးကုန်းရပ်ကွက်နေသူ ဦးသန်းဇော်ဌေးဦးဆောင်သည့် အင်အား(၅၀၀)ဦးခန့်ရှိသော ပြည်သူများက နိုင်ငံတော်အလံများ ကိုင်ဆောင်လျှက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံပါတယ်၊ နိုင်ငံတော်ကိုကာကွယ်ဖို့ စစ်မှုထမ်း ဆောင်ကြစို့၊ အမိမြေကိုကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြစို့၊ ပြည်ဖျက်မိစ္ဆာများအား အလိုမရှိ/ ဆန့်ကျင်ကြ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း ဆောင်မည့်သူများအနေဖြင့် စစ်သင်တန်းတက်ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ ဒေသများတွင်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်၊ အချုပ်အခြာကို ထိပါးစော်ကားလာသောပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်းသေဆုံးပါက သတ်မှတ်ထား သောခံစားခွင့်ရရှိစေရမည် ဟူသောစာတမ်းပါဗီနိုင်း(၂၄)ခုတို့အား ကိုင်ဆောင်လျက်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါဝင်သော နိုင်ငံသားစစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံခြင်းဖြစ်သည်။

အဆိုပါဗီနိုင်းများကိုင်ဆောင်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အရေး ဟူသောကြွေးကြော်သံများနှင့်အတူ ပြည်သူလူထုများက မြို့တော်ခန်းမရှေ့စုရပ်မှစတင်ကာ ပြည်ထောင်စုမြို့ပတ်လမ်းတစ်လျှောက် စီတန်းလှည့်လည်ကြွေးကြော်၍ တစ်ခဲနက်ဆန္ဒဖော်ထုတ်ကြိုဆိုကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအားကြိုဆိုထောက်ခံပွဲ၌ နောင်ကိုင်တော်ရပ်ကွက်နေ ဦထက်အောင်သူမှ စစ်မှုထမ်းဥပဒေအားထောက်ခံကြောင်း မိန့်ခွန်းဟောပြောကြိုဆိုခဲ့ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)