အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း (Talk Show) ဆောင်ရွက်သည်။
Feb 20,2024
လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့တွင် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့‌နံနက်(၂၀)နာရီ အချိန် ‌ရေဖြူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ဈေး၊ ခန်းမ၊ စတိုးဆိုင်များ၊ နေအိမ်များတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရန်အတွက် Census Unit ရေးဆွဲကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းကို ယနေ့ နံနက်ပိုင်းကမြို့နယ်အတွင်းရှိ လူစည်းကားသောနေရာများ​၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 20,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့လမ်းဦးစီးဌာနသည် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်းလမ်း NH (21) ပြည်ထောင်စုလမ်း၊ ကရင်ပြည်နယ်အပိုင်းတွင် သဘာ၀ဘေးဒဏ်ကြောင့် လမ်းပျက်စီးမှုနည်းပါးစေရန်၊ ရေရှည်တည်တံ့ ခိုင်မာစွာအသုံးပြုနိုင်ရန် လမ်းကြံ့ခိုင်ရေးလုပ်ငန်းများကို အစဉ်တစိုက် ပြုပြင်ထိန်းသိမ်း ပေးလျက်ရှိကြောင်း သိရသည်။
Feb 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် ''မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မောင်းတိုင်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။