မင်းလှ၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်

မင်းလှ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသိန်းဇော်ဖြိုးမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မိုးဝင်းတို့က စာနီစုအုပ်စု၊ စာနီစုကျေးရွာတွင် ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းကဖြစ်ပွားသော မီးဘေးမှ လောင်ကျွမ်းပျက်စီးလူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃)သိန်းကျပ်၊  ၎င်းနေအိမ်များရှိ မီးဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်‌‌ရေးပစ္စည်း(၁၇)မျိုးပါ ပလတ်စတစ်ပုံး(၂)ပုံးအား လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)