ဇေယျာသီရိမြို့နယ် အောင်ဇေယျာရပ်ကွက်ရှိ လယ်ယာမြေများ စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် တောင်သူများနှင့် တွေဆုံဆွေးနွေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ လယ်ယာမြေကွင်းအမှတ် (၁၅၉၂)ကွင်းနှင့် (၁၅၉၄)ကွင်းတို့အား  စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တွေဆုံဆွေးနွေးပွဲကို အောင်ဇေယျရပ်ကွက် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က စနစ်တကျလယ်ယာ‌ဖော်ထုတ်ခြင်း၏ အကျိုးရလဒ်များ၊ ‌စနစ်တကျလယ်ယာ‌ဖော်ထုတ်နိုင်‌ရေး ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်က ရေပေးဝေမည့်အ‌ခြေအနေများအားရှင်းလင်းခြင်း၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်သန်းက စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စနစ်ကျလယ်ယာမြေဖော်ဆောင်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် အောင်ဇေယျရပ်ကွက်အတွင်းမှ တောင်သူများက စနစ်ကျလယ်ယာမြေဖော်ဆောင်ရေးအတွက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)