မိုင်းယု ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် တောင်ယာနှင့် တောမီးများမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ပွင့်လင်းရာသီနွေကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် တောင်သူများအနေဖြင့် တောမီးများမရှို့ကြရန်၊ တောင်ယာများ ခုတ်ထွင်ပြီး မီးမရှို့ကြရန်၊ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် Grade-5 နှင့် Grade-9 စာမေးပွဲကာလအတွင်း ကျောင်းကျန်းမာရေးနှင့် လုံခြုံရေးအတွက် တာဝန်ချထားမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက တောမီးနှင့် အခြားမီးဘေးလုံခြုံရေးကိုလည်းကောင်း၊ မိုင်းယုမြို့ ပြည်သူ့ဆေးရုံ၌ အရေးပေါ်သွေးလိုအပ်မှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အားချာ