လပွတ္တာ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က လပွတ္တာမြို့အဝင်တွင် မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ မော်တော်ယဉ်များ စစ်ဆေးခြင်း၊ ယာဥ်စည်းကမ်း/ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လပွတ္တာမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ စိတ်အေးချမ်းသာယာ လုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်း ကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ဧည့်စာရင်း စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)