တံတားဦးမြို့နယ်တွင် နွေစပါး မြစ်ရေတင်စိုက်ပျိုးရန် ပျိုးထောင်

တံတားဦး ဖေဖော်ဝါရီ ၂၀

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မီးသွေးတိုက်ကျေးရွာ ကွင်းအမှတ်(၁၃၁၈)ကွင်း တောင်သူ ဦးခင်မောင်ရင် လယ်ကွင်း၌ နွေစပါးမြစ်ရေတင်ဖြင့် စိုက်ပျိုးရန် ယနေ့နံနက်က ပျိုးထောင်နေကြောင်း သိရသည်။

နွေစပါး မြစ်ရေတင်ကို စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပျိုးထောင်ခြင်းကို ဘောင်စနစ်ဖြင့် စိုက်ပျိုးထားပါကြောင်း၊ အလျား၂ ပေ၊ အနံ ၁ ပေကို မျိုးစပါးနို့ဆီဘူး(၁)ဘူးဖြင့် ပျိုးထောင်ရပြီး (၁)ဧကကို ပျိုးဗန်း(၁၂၅) ပျိုးထောင်ရကြောင်း၊ ပျိုးထောင်ရာတွင် ဖွဲပြာဖြင့် ဆောင်ရွက်ရပြီး ပျိုးထောင်ပြီးပါက နေ့စဉ်ရေလောင်းပေးရပြီး၊ ရက်ပေါင်း(၁၈)အကြာတွင် မိမိစိုက်ပျိုးမည့် လယ်ကွင်းသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်၍ ရက်ပေါင်း (၁၁၀)ရက်အကြာတွင် စပါးများ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် မြစ်ရေတစ်နွေစပါး(၂၅)ဧ၊ မုရင်းစပါး(၉၀)ဧက စုစုပေါင်း(၁၁၅)ဧက ကို စိုက်ပျိုးမည်ဖြစ်ကြောင်း၊ တောင်သူများ အရည်အသွေးပြည့်မီပြီး သီးနှံပိုမိုအထွက်တိုးရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲများကို အမြဲမပြတ် ကွင်းဆင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

ရဲတင့်(ပြန်/ဆက်)