ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထုံးဖိုနယ်မြေရဲစခန်း၊ ကျည်တောင်ကန်နယ်မြေရဲစခန်း၊ မြို့နယ်ကျန်းမာရေးဌာန နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးပစ္စည်းနှင့် ဆေးဝါးမျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသော ဆေးပစ္စည်းများ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆေးဝါးပြတ်တောက်မှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)