ရွှေတောင် ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံတာ်မှ လစဉ်ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးသင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးအထူးပြု ကျောင်းသား/ ကျောင်းသူ (၃၀) ဦးနှင့် မွေးမြူရေးအထူးပြု ကျောင်းသား/ ကျောင်းသူ (၂၉) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၅၉) ဦးတို့အား လစဥ်ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီလအတွက် တစ်ဦးလျှင် (၁၀၀၀၀ိ/-) ကျပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်တို့က ကျောင်းသား/ ကျောင်းသူ တစ်ဦးချင်းဆီသို့ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)