လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အဆင့်ကျေးရွာများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

လှိုင်းဘွဲ ဖေဖော်ဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊  လျှပ်စစ်မီးနှင့် ထင်းမီးများကို စနစ်တကျသုံးစွဲစေရေး၊ မီးသတ်ဆေးဘူးများထားရှိစေ၍ အသုံးပြုမှု မှန်ကန်စေရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ အိမ်တွင်းမှုသင်တန်းကျောင်း၊  မြို့မဈေးနှင့် တိုက်နယ်အဆင့်စျေးများအတွင်းရှိ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များသို့သွားရောက်၍ မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ပါက ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)