နတ်တလင်းမြို့၌ နွေစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်တလင်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ နွေးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းကော်မတီနှင့် နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူမှ မျိုးကောင်းမျိုးသန့်ရရှိ​ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေးတို့ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ​မြို့နယ်ဦးစီးမှူး ဦးရဲထွန်း ၂ဝ၂၃-၂၀၂၄ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများ၊ လက်စွဲကောက်စိုက်ဖြင့် စိုက်ပျိုးရန် ဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းထွန်းမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ဆည်ရေပေးဝေနိုင်မည့် အခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)