ကွန်ဟိန်း ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ Book Club အဖွဲ့တို့နှင့် ပူးပေါင်း၍ မောင်မင်းစိုးရေးသားသော လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က လူငယ်နှင့်ပရဟိတစိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းတင်မြက မြင့်မြတ်သူတို့၏လမ်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိန္ဒြာကျော်ဆင့်က လူငယ်နဲ့သိစိတ်ခေါင်းစဉ်ဖြင့်လည်ကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)