ဖျာပုံ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား စျေးနှုန်းမှန်ကန်မှုရှိစေရေး၊သိုလှောင်မှု ရှိ/မရှိ၊ လိုက်လံစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့်တာဝန်ရှိသူများသည်ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆေးပစ္စည်း အရောင်းဆိုင်များအားလိုက်လံ စစ်ဆေးကြသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ မြို့နယ် တာဝန်ခံဦးမင်းဇော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး စောနေနိုင်ထွန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်အစာဆေးဝါး ကော်မတီမှတာဝန်ရှိသူများသည် မြို့နယ်အတွင်း လက်ရှိစျေးကွက်ရောင်းချနေသော ဆေးဝါးပစ္စည်းများကိုသက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပြည့်စုံမှုရှိ/မရှိနှင့် တရားဝင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုရောင်းချရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုကြရန်၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှု မရှိစေရေးနှင့်စျေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ စျေးကစားရန်ဝယ် ယူစုဆောင်းသိုလှောင်ခြင်းမရှိစေရေး လိုက်လံစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)