အလုံ ဖေဖေါ်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ အလုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလုံမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမိုးပြာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ် စွန့်ခွာလာသည့် အခြေခံပညာကျောင်းသား/ ကျောင်းသူ (၁၁) ဦးအား ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ၀င်များက အသီးသီးပေးအပ်ခဲ့ကြသည်။
ပညာသင်ထောက်ပံ့ငွေများကို ကျောင်းသားတစ်ဦးလျှင် ငွေသား (၅၀၀၀၀) ကျပ်၊ ဗလာစာအုပ် (၁) ဒါဇင်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)