ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

ကာမိုင်း ဖေဖော်ဝါရီ  ၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကျမည့် ကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့လုပ်ငန်းညှိနိူင်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမောင်က အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်စာမေးပွဲကို ယခုနှစ်တွင် ကာမိုင်းမြို့တွင် စာစစ်ဌာနမရှိသည့်အတွက် စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးကို မိုးကောင်း မြို့နယ်သို့ သွားရောက်ဖြေဆိုရမည့်ဖြစ်၍ ဌာနဆိုင်ဆိုင်များကပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားပြီးအဆိုပါဆွေးနွေးတင်ပြမှုကို မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များအားပေါင်းစပ်ညှိနိူင်းပေးခဲ့ကြောင်းသိရသည်။

လဆိုင်း(ပြန်/ဆက်)