အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော  နှစ်ရှည်ခံသီးနှံများကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ကွမ်းသီးစိုက် ပျိုးခြင်းလုပ်ငန်းပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ  ဆောင်းတွင်း ဖြစ်သည့်ဖေဖော်ဝါရီလချိန် ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာ တွင်  ကွမ်းပင်ငယ်များဖြစ်လာကာ   မိုးရေများသော ဩဂုတ်လအချိန်တွင် ကွမ်းသီးပျိုးပင်များကို စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
Sep 01,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အ-ထ-က(ဝေါလေမြိုင်)ကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းသူ/ ကျောင်းသားများအား တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 01,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Sep 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဩဂုတ်လ(၂၈)ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community  Centre) ခန်းမတွင်စတင်ဖွင့်လှစ်၍ (၅)ရက်တာ သင်ပို့ချလျက်ရှိ ကြောင်းသိရသည်။
Sep 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community  Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Sep 01,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။
Sep 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ "မြိုင်ဟေဝန်" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း၊ သမဝါယမအသင်းလီမိတက်မှ ရာသီပေါ်သီးနှံထုတ်လုပ်ဝယ်ယူရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်မည့် သမဝါယမအသင်းသားများအား ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 01,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေးဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။