အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဥယျာဉ်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်ဆီမီးစေတီတော်တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၊ ရေကြည်တော်ဓမ္မာရုံနှင့် စာကြည့်တိုက်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်း က စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေနှင့် သီလရှင် (၂၉၀)ပါး စာမေးပွဲဖြေဆိုလျက်ရှိကြပြီး စာမေးပွဲများကို တပို့တွဲလပြည့်ကျော်(၁)ရက်မှ (၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 26,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
Feb 26,2024
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးရွာပေါင်း ၄၆ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကူရွာကျေးရွာတွင် ကျေးရွာအဆင့်မြစိမ်းရောင် စီမံကိန်းသုံးသပ်ဆွေးနွေးပြုပွဲနှင့် ပဉ္စမအကြိမ်မြောက် စီမံကိန်းချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 26,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် မိမိတို့ အိမ်ခြံဝန်းများအတွင်းတွင် ရာသီနှင့်ကိုက်ညီသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို အိမ်တိုင်းလိုလိုပင် စိုက်ပျိုးထားကြရာ ငရုတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါးဖြင့် တစ်နိုင်တစ်ပိုင် ထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေအဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ် ရောင်းချသူများထံမှ သိရှိရသည်။