အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 01,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊   တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်(၃၁)ရက်က မြိတ်မြို့နယ် သမုတ်ကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာသင်ကြားသင်ယူမှု အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဥပဒေအထောက်အကူပြု ကော်မတီတို့ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာ ပေးဆွေးနွေးပွဲ(TALK SHOW)ကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က အဆိုပါရုံးရှိ (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကို ဝါခေါင်လရောက်တိုင်း နှစ်စဉ်ကျင်းပသော ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွမ်းဘီကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 01,2023
ဝါခေါင်လပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့ အာနန္ဒာဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံကသိရသည်။
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၁  ရက်၊နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေ ပြန်လည်တက်လာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
Sep 01,2023
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ ၃၀ အချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။