ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဥယျာဉ်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နေကျော်က  ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ အွန်လိုင်းပေါ်တွင် မမှန်မကန်သတင်းများ ဖြန့်ချိနေမှုအပေါ် ရပ်ကွက်နေပြည်သူများ သိရှိနိုင်စေရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

မျိုးသီဟ(ပြန်/ဆက်)