အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌန၊ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြပွဲကို ဩဂုတ်လ၂၇ရက်နေ့ မွန်းလွဲ (၂) နာရီချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူရေးအတွက် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units)နှင့် စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်သည်။
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်နှင့် အသင်းတော်အခြေပြု ပညာရေးသာသနာဂေဟာအဖွဲ့မှ ကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၂၉ ရက်နေ့ညနေ(၃:၀၀)နာရီအချိန်က မုံးကိုးမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 01,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်‌ကျောင်းသား၊‌ ကျောင်းသူများပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် မက်မန်းမြို့နယ်အတွင်း နှစ်ရှည်သီးနှံများစိုက်ပျိုး၍ ဝင်ငွေတိုးတက်စေရန်အတွက် ထောပတ်(၂၉၉၀)ပင်ကို ကျေးရွာများတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Sep 01,2023
နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေကို အမြို့မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်များမှ လစဉ်လတိုင်း စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားပြီး နိုင်ငံဝန်ထမ်း (အငြိမ်းစား)များနည်းပါးသော်လည်း ပင်စင်လစာငွေများကို လစဉ်(၂၀)ရက်နေ့မှစ၍ နောက်လဆန်းပိုင်းအထိ မြန်မာ့စီးပွားရေးဘဏ်မှ မပျက်မကွက် ထုတ်ပေးလျက်ရှိပါသည်။
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများကို စီစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်အတွက် ပြည်သူလူထုတစ်ဦးချင်းဆီ၏ ကိုယ်ရေး အချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်လျက်ရှိရာ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၏ အချက်အလက်များကို ရာနှုန်းပြည့်နီးပါး ကောက်ယူဆောက်ရွက်ပြီးစီးပြီးဖြစ်၍ ဩဂုတ် ၃၀ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်ခဲ့ပါသည်။
Sep 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့နှင့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ အထိမ်း အမှတ်အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင် လူမှုကူညီရေးအသင်း(နာရေး)မှ ဦးဆောင်၍ ယနေ့မွန်းလွဲ၁နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။