Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆင်ပေါင်ဝဲမြို့နယ်၌ နွေစပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး စိုက်နည်းစနစ် ပြောင်းလဲပြုပြင်မှုများအား ကွင်းဆင်းကြည့်ရှု
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေသွင်းပျိုးထောင်ထားရှိသည့် နွေစပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 (သိပ္ပံဘာသာ)နှင့် Grade-9 (ပထဝီဘာသာ) ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ယောက်သွားအင်းရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်ရှိ လူစည်ကားရာ ရွှေတောင်မြို့မ စျေးအတွင်း/အပြင် နှင့် ရွှေမျက်မှန်ဘုရားဝန်းရှေ့၊ ဆယ်နာရီ စျေးလမ်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေး
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင…
Feb 26,2024
လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေ အထောက်အပံ့ ရရှိစေရန်၊ ကလေးအလုပ်သမား ပပျောက်စေရန်၊ လုပ်သားဈေးကွက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ ထွက်ပေါ်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းများ (အခမဲ့) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာခေတ်မီစံပြကျေးရွာ (SMART Village) စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9609
Page
9610
Page
9611
Page
9612
Current page
9613
Page
9614
Page
9615
Page
9616
Page
9617
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department