အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား/သူများ၏ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
Feb 26,2024
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇာမင်္ဂလာနှင့် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစားကျောင်း ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၌ ကျင်းပသည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့ နံနက် (၁၁) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
Feb 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံလူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ နည်းပညာသင်တန်းများစသဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က အုပ်ဖို (၂) ရပ်ကွက်၊ ရှမ်းစုလမ်း၌ ရပ်ရွာပြည်သူများနှင့်အတူ တက်ညီလက်ညီဖြင့် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြောင်း သိရသည်။
Feb 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Feb 26,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီ ၃၀ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade–5၊ Grade-9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် Grade–5 တန်းမှ သိပ္ပံဘာသာရပ်၊ Grade - 9 တန်းမှ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။