Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်စံပြကျေးရွာ Smart Village ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော Smart Village ကျေးရွာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၉၀၂)သိန်း ထုတ်ချေးပေးပြီးဖြစ်
Aug 31,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဩဂုတ်လ (၃၀)ရက်နေ့ ယနေ့နံနက်ပိုင်းက ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူ (၁၁၄)ဦး၏ စပါး (၃၂၆) ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၂၉၈)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၈၇)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ပြီး ယနေ့ထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၇၉၀၂)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်က အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲများစတင်နှုတ်သိမ်း တစ်ဧကတင်း(၇၀)ခန့်ထွက်ရှိ
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်းစတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့်ဥနှုန်းအားကောင်းသဖြင့် ရောင်းချသည့်အချိန်တွင် ယခင်နှစ်ကထက်ဈေးကောင်းရရှိကြောင်း မိုးမြေပဲစိုက်တောင်သူတစ်ဦးထံမှကြားသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် မုန်တိုင်ရေလှောင်တမံ ရေထုတ်ပြွန်အထွက် ချောင်းမချောင်းထိပ် မြေထိန်းနံရံနှင့် လိုင်နင် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 31,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မုန်တိုင်ရေလှောင်တမံ ရေထုတ်ပြွန်အထွက် ချောင်းမချောင်းထိပ် မြေထိန်းနံရံနှင့် လိုင်နင်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Aug 31,2023
စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်အသုံးပြုခြင်းနှင့် ပိုးမွှားရောဂါ စနစ်တစ်ကျကာကွယ်နှိမ်နှင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပ
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်
Aug 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9613
Page
9614
Page
9615
Page
9616
Current page
9617
Page
9618
Page
9619
Page
9620
Page
9621
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department