Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၇) ရပ်ကွက်အတွင်းရောင်းချပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျှော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲကျင်းပ
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား/သူများ၏ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစား ကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား ဖွင့်လှစ်
Feb 26,2024
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇာမင်္ဂလာနှင့် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစားကျောင်း ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ၂၀၂၃-၂-၂၀၂၄ ပညာသင်နှစ် Grade-5, Grade-9 နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆို
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့ နံနက် (၁၁) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”သင်ကြား
Feb 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံလူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ နည်းပညာသင်တန်းများစသဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြှိုက်စွာ ကျင်းပ
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က အုပ်ဖို (၂) ရပ်ကွက်၊ ရှမ်းစုလမ်း၌ ရပ်ရွာပြည်သူများနှင့်အတူ တက်ညီလက်ညီဖြင့် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Feb 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9612
Page
9613
Page
9614
Page
9615
Current page
9616
Page
9617
Page
9618
Page
9619
Page
9620
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department