အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်များ အခမဲ့ ထုတ်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက် အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မော်လမြိုင်ကျွန်းမြို့နယ်ရှိ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်း ဖြန့်ဝေ‌‌ခဲ့သည်။
Feb 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၁၁ နာရီ ၃၀အချိန်က မဲကင်ကျေးရွာရှိ ဘက်စုံသုံးအစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်နာဂဒေသမိခင်နှင့်ကလေစောင့်ရှောက်မှု ကြီးကြပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်စန်းစန်းမာနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာရုံးနှင့် လဟယ်မြို့မူလတန်းကြိုကျောင်းသို့သွားရောက်၍ အာဟာရမုန့်ထုပ်များနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမောင်မိုးစည်၏ "စိတ်ငြိမ်းချမ်းစွာ လူချမ်းသာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး (စတုတ္ထ) နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုနေမှုအားမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း‌နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Feb 26,2024
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွှေးချယ်တင်မြှောက်ခြင်းကို ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပသည်။
Feb 26,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်ရည်ရွယ်၍ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့) ကို ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။