မိုင်းတုံမြို့၌ ဟွေပါဆပ်ကျေးရွာရှိ ပဲပုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

မိုင်းတုံ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းတို့သည် ယနေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ်၊ ဟွေပါဆပ်ကျေးရွာအနီးရှိ လယ်ကွက်တွင် စိုက်ပျိုးထား‌သော ပဲပုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ပဲပုတ်စိုက်ခင်းကို တောင်သူ ဦးသောင်းလှမှ စိုက်ပျိုးထားခြင်းသိရ၍ ၎င်းနှင့်တွေ့ဆုံမေးမြန်ခဲ့ရာ မိုး‌ကုန်ပြီးဖြစ်တဲ့အတွက် ရေချောင်းမှ ရေသွယ်ယူ၍ ရေလောင်းစိုက်ပျိုးခဲ့ခြင်း၊ ကျွန်တော်ကတော့ စပါးပြီးတာနဲ့ ပဲပုတ်ကို ဦးစားပေးစိုက်ပျိုးပါတယ်။ ပဲပုတ်ထွက်နှုန်းကတော့ ဒီနှစ်မှာအပင်လည်းလှတဲ့အတွက် ထွက်နှုန်းကောင်းမယ်လို့ ယူဆမိကြောင်း၊ ဒီနှစ်မှာ ပဲပုတ်ကို(၁၀)ဧကစိုက်ထားခြင်းဖြစ်သည်ကို တောင်သူဦး‌သောင်းလှထံမှ သိခဲ့ရပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ခုလိုအားကြိုးမာန်တက် စိုက်ပျိုးထားတာ ဂုဏ်ယူတယ်၊ နောင်နှစ်တွေမှာလည်း ဇွဲမလျော့ပဲ ထပ်တိုးစိုက်ပျိုးသွားစေလိုတယ်၊ စိုက်ပျိုးမှုကိုလည်း အား‌ပေးစကားပြောခဲ့သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းကလည်း ပဲပုတ်စိုက်ပျိုးထားခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တာရှိရင် တင်ပြနိုင်ပါတယ်။ ကျွန်တော်တို့ကူညီဆောင်ရွက်ပေးသွားမှာဖြစ်‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)