Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဆင်းပွဲကျင်းပ
Sep 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှုလယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံး စက်ကိရိယာများတွင် ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Sep 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးများအသင်း (Women Club) နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard များစိုက်ထူ
Sep 02,2023
မွန်ပြည်နယ် မော်လမြိုင်မြို့၌ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မော်လမြိုင်)မှ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များ ပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard စိုက်ထူးခြင်းအား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေားမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယအကြိမ် ကျင်း…
Sep 02,2023
ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Sep 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါဘယ ကင်းစင်ပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် ဒေါက်တာ ဦးသန်းထွန်း ပညာရေးဖောင်ဒေးရှင်းမှ စာပေဒါန၊ စာအုပ်လှူဒါန်းပွဲ ကျင်းပ
Sep 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေါက်တာ ဦးသန်းထွန်း ပညာရေးဖောင်ဒေးရှင်းမှ စာပေဒါန ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ် စာကြည့်တိုက် များအတွက် စာအုပ်လှူဒန်းပွဲကို ခရိုင်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်
Sep 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့် ပူးပေါင်းပြီး မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် စားသုံးဆီများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေး
Sep 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာ ချောင်ချိစေရေးအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9602
Page
9603
Page
9604
Page
9605
Current page
9606
Page
9607
Page
9608
Page
9609
Page
9610
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department