Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ကျေးရွာအုပ်စု(၁၄)အုပ်စုအား အသိပညာပေးရှင်းလင်း
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အဖွဲ့လေးဖွဲ့ခွဲ၍ အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ကင်းသာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း ပြုလုပ်
Feb 26,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့ မြို့မရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 26,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့မရပ်ကွက်ချင်းစုဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက ဝေါမြို့ဘူတာလမ်းဆုံနှင့် မြို့မစျေးအရှေ့တို့တွင် ဒေသခံခရီးသွားပြည်သူများလက်ဝယ်အရောက် အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာတွင် ဟင်းချက်ရာမှ မီးလောင်မှုဖြစ်ပွား
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာအုပ်စု၊ လက်ပန်ပင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခန့်က ဟင်းချက်ပြုတ်သည့် မီးဖိုးမီးမှ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားရာ လူနေအိမ်(၃) လုံးနှင့် နွားတင်းကုတ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယခုနှစ်တွင် ရေတာရှည်မြို့၌ နွေစပါးစိုက်ပျိုးမှု ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးနိုင်မည်ဖြစ်
Feb 26,2024
ရေတာရှည် ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးထားနိုင်ရန် လျာထားလျက်ရှိပြီး ဖေဖော်ဝါရီလအတွင်း ဧကပေါင်း ၁၁၅၁၁ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက်လုပ်နေသည့်နေရာသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု
Feb 26,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများသည် ယနေ့နံနက် ၉ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ အကွက်(၉၀၂)၊ ရန်-မန်းလမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက်လုပ်နေသည့်နေရာသို့ လာရောက်ကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ အခြေခံဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲ ကျင်းပ
Feb 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မှော်ဘီမြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက မှော်ဘီမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9603
Page
9604
Page
9605
Page
9606
Current page
9607
Page
9608
Page
9609
Page
9610
Page
9611
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department