ရမည်းသင်း ဖေဖော်ဝါရီ ၂၆
ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်များ စနစ်တကျ ရှိစေရေးနှင့် စာငှားစနစ်တကျ ရှိစေရန် DLMS ဆော့ဝဲအသုံးပြုနည်း သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာကြည့်တိုက်အဆင့်မြှင့်တင်ရခြင်းနှင့် စာအုပ်စာရင်းများ ရေးသွင်းရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက် စာရင်းရေးသွင်းထားမှု၊ စာငှားစနစ်၊ ဘားကုဒ်ကပ်နည်း၊ ရက်လွန်စာရင်းများ စသည့် လုပ်ငန်အဆင့်ဆင့်ကို စာတွေ့လက်တွေ့ ရှင်လင်းပြသသည်။
အဆိုပါ သင်တန်းကို ရမည်းသင်းခရိုင် ပြန်/ဆက်ရုံးဝန်ထမ်းများ၊ ပျော်ဘွယ်မြို့နယ် ပြန်/ဆက် ရုံးဝန်ထမ်းများ စုစုပေါင်း (၁၂) ဦး စာတွေ့လက်မှုဖြင့် နှစ်ရက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)