အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။
Feb 26,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ပြည်သူ့စစ်ဥပဒေနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 26,2024
ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အဋ္ဌမအကြိမ် တိုင်းသံဃာ့ဝန်ဆောင် (ပဥ္စမ) နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Feb 26,2024
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ တိုးပွားလာစေရန်အတွက် ပညာပေး ဟောပြော‌ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ စက်မှု/လက်မှု သိပ္ပံ (မော်လမြိုင်)၌ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့ (က) ရပ်ကွက် ပြည်သူ့ပန်းခြံရှေ့တွင် ယနေ့ နံနက် (၈) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ကြသည်။