သပိတ်ကျင်း ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့ (မြို့မ)ရဲစခန်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးက မီးလောင်မှုပုံစံ အမျိုးအစားများ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ အရေးပေါ် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများ လက်တွေ့အသုံးပြုခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင်၊ (မြို့မ)စခန်မှူး ဒုတိယရဲမှူးရန်နိုင်မင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)