ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာဟောပြောပွဲကို ယမန်နေ့က ဆင်ဖြူရှင်ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်လင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ အွန်လိုင်းပေါ်တွင် မမှန်မကန်သတင်းများ ဖြန့်ချိနေမှုအပေါ် ရပ်ကွက်နေပြည်သူများ သိရှိနိုင်စေရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်နေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
သန်းသန်းနွယ်(ပုဗ္ဗ)