Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်သာမြို့နယ်၊ ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်တံတား( Slab Curvert)တစ်စင်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Slab Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ် လူငယ်သီတင်းပတ် အစီအစဉ် ဖွင့်ပွဲသို့ တက်ရောက်အားပေး
Sep 06,2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များသည် အဓိက စွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ခြင်းကြောင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်၏ လူငယ်သီတင်းပတ် (Youth Week) လှုပ်ရှားမှုများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို မဟိန်ဂျီ (အ.မ.က) မူလွန်ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က အသိပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Sep 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ထရော်ရွာသစ်ကျေးရွာအုပ်စု၊ ထရော် ကျေးရွာဓမ္မာရုံတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်(၁၁)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ထရော်ရွာသစ်၊ လင်းတွန်၊ ဒါနချောင်း၊ ကျုံမငဲ့၊ သာယာကုန်း၊ မြန်မာကရင်စုနှင့် လေလံပင်ကျေးရွာအုပ်စုများရှိ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ကြေး ဆက်လက်ပေးအပ်
Sep 06,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊မေ၊ ဇွန်)လ များအတွက် MCCT အစီအစဉ်အရ ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူ ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 06,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်တက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းစတင် ဆောင်ရွက်
Sep 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9580
Page
9581
Page
9582
Page
9583
Current page
9584
Page
9585
Page
9586
Page
9587
Page
9588
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department