အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇x၁၀၈ လမ်းကြားရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ယမန်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်က  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
Feb 28,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Feb 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စမ်းသီတာ (၅)မိုင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တောမီးမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 28,2024
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြို့မကံ့ကော်ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် (မြို့မ) ကံ့ကော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ် မြို့လှမြို့ ခုတင်(၂၅)ဆံ့ တိုက်နယ်ဆေးရုံသို့ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများ ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်ကာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက  ရွာတော်(တောင်၊မြောက်)ကျေးရွာ  အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။