မန္တလာတက္ကသိုလ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

အမရပူရ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အဂိလိုက်စားမှု တားဆီးကာကွယ် ရေးအကြောင်းကို မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးစိုးညွန့်လှိုင်က ဟောပြောဆွေးနွေးပေးခဲ့သည်။ ယင်းနောက် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာကို အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဟောပြောဆွေးနွေးပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းကို ခရိုင်ဥပဒေအရာရှိ ဒေါ်စန္ဒာတင်က ဟောပြောဆွေးနွေးပေးခဲ့သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ဦးဆောင် ဟောပြောပေးသူများကို မန္တလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်စန်းစန်းဝင်းက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)