အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 28,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲ   သိပ္ပံဘာသာရပ်ကိုယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 28,2024
တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5)နှင့် (Grade-9) အစိုးရစစ်စာမေးပွဲကြီးများ ဖြေဆိုလျက်ရှိရာ ယနေ့တွင် (Grade-5) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သံတောင်လမ်းနှင့် ညောင်ပင်လေးစျေး၌ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ အောင်ကမ္ဘာ ဆီစက်အလုပ်ရုံတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 28,2024
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေသီးနှံ (စပါး+နှမ်း) (၃၀၅၀၀) ဧက အတွက် ချေးငွေသဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 28,2024
ချင်းပြည်နယ် တွန်းဇံမြို့တွင် မီးဘေးလုံခြုံမှုရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် မှုနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံကို ရုံးဌာနများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
Feb 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။